ကမ္မာသစ်ရှာသူ  

Posted by nyinyi

ငါ့ဘဝ
ကောင်းကင်ယံမှာ
လွှတ်တင်ထားတဲ့
ဂြိုလ်တုလေး တစ်စင်းက
မင်းပေါ့..

လွတ်လပ်စွာ
ကြိုက်သလောက်
အမြင့်နဲ့
ကြိုက်သလို
ပျံသန်းနိုင်တယ်...

ငါ့ထက်သာတဲ့
ကမ္ဘာသစ်တစ်ခုကို
ရှာမယ်ဆိုလဲ
ငါခွင့်ပြုတယ်...

ငါကိုစိတ်ကြိုက်
လှည့်ပါတ်လို့
အားရပြီဆိုရင်
ဘဲဖြစ်ဖြစ်...

မင်းမျှော်လင့်တဲ့
ကမ္ဘာသစ်ဆီကို
ခြည်းကပ်လို့
မရရင်ဘဲဖြစ်ဖြစ်...

မီးစာမကုန်
ဆီမခမ်းခင်
ဲပင်မမြေပြင်
ငါ့ရင်ခွင်ဆီ
သက်ဆင်းလှည့်တော့
ချစ်သူရေ ။......။

အုံ့ပုန်း  

Posted by nyinyi

နှင်းစက်ပမာ ဖြူစင်ဝင်းပ
မျက်နှာလှအား
နေ့စဉ်မျှော်ကိုး
မြင်ယောင်နိုးဖြင့်
သူ့နားအစဉ်
ခစားချင်၏....

သက်ထက်သူကို
အချစ်ပိုလို့
ရင်မှပေါက်ဖွါး
ချစ်စကားကို
သူ့နားအစဉ်
ပြောကြားချင်လည်း....

မွန်မွန်ရည်ရည်
ကြည်ကြည်အပြုံး
ကိုဆုံးရှုံးလို့
အမုန်းမြှားဦး
ရင်တွင်းစူအောင်
ပြုလေမလား
တွေးမိမှားလျှက်....

ရင်မှဖြစ်တည်
ချစ်စိတ်ရည်ကို
သိုဝှက်ဆီးနှောင်
အပြုံးယောင်နှင့်
ူသူသိမဲ့ရက်
စောင့်စားလျှက် ။.....။

နောင်တ..  

Posted by nyinyi

ဖြစ်တည်မှု့တစ်ခုရဲ့
နိဂုံးဟာအရှုံးတွေ
ဒီလောက်များလိမ့်မယ်လို့
ငါထင်မထားမိဘူး...

ငါ့ယုံကြည်မှု့
တံတိုင်းကို
ရယ်ရယ်မောမောနဲ့
နင်ဖြိုချခဲ့တာ...

အချစ်တစ်ခု
ဓါတ်ပြယ်ဖို့
အကွာအဝေးဆိုတာ
လိုအပ်လို့လား......

နင့်အတွက်
အရာရာကိုရင်ဆိုင်ဖို့
ငါစစ်မျက်နှာဖွင်နေတာ
ကျောခိုင်းထားတာ မဟုတ်ဘူး...

ဒါပေမယ့်
ငါ့ရင်အထိဖေါက်ထွက်ခဲ့တဲ့
ဓါးပိုင်ရှင်က
နင်ကိုယ်တိုင်ဖြစ်နေတော့ ငါ့မှာလေ...

ရန်သူရဲ့တီးကွက်မှာ
ငါက ကလို့
သံဇဉ်က မုသားဆိုတာ
ပွဲပြီးမှသိခဲ့တော့ ။......။

ငါ...  

Posted by nyinyi

မွန်းကျပ်မှု့တွေ
ဖိသိပ်ထည့်ထားတဲ့
အတ္တအခွံတစ်ခုပါ...

အချိန်မှန်
တွန်သံပေးတတ်တဲ့
ဒီသမုဒ္ဒရာအတွက်
အချိန်တွေကို
ရောင်းစားနေရတာ....

ဆုတ်ဖြဲခဲ့တဲ့
ပြက္ခဒိန်ဟောင်းတိုင်းမှာ
ဒိုင်ယာရီတစ်ချို့
မျက်ရည်တွေနဲ့.....

မီးကျိုးမောင်းပျက်
မျှော်လင့်ချက်အတွက်
ငါ့ဘဝ ရေကြီးနေခဲ့တာ....

ပေါက်နေတဲ့ ပလိုင်းကို
အိပ်မက်တွေနဲ့ ဖါထေးရင်း
ငါကောက်ခဲ့တာ တွေကရော
စားလောက်လို့လား....

အဖိုးချင်းမမျှပေမယ့်
ငါလဲခဲ့ရတာ
ရေကြည်ရမြက်နုရာ အတွက်လေ...

အဲဒီအတွက်
နှုတ်ဆက်နေတဲ့
လက်တစ်ချို့က
တစ်ခဏအတွက်လား....
ထာဝရအတွက်လား ။.....။

မျှော်လင့်ခြင်း  

Posted by nyinyi

ကမ္ဘာကြီးက လှပါတယ်....
ပန်းတွေရဲ့
ပွင့်ဖူးခြင်းက
ပျားတွေအလုပ်ရှုပ်ရတယ်...

လေပြေရဲ့
လွတ်လပ်စွာ
ဟော့ရမ်းမှု့ကြောင့်
ရွက်စိမ်းတစ်ချို့
မြေခရပြီ
ကြွေချင်ယုံ
သက်သက်နဲ့တော့
မချွေပါနဲ့
ငါ့ဘဝကစိမ်းတုန်းလေ....

အရောအနှော
ကင်းတဲ့လေကို
ရှူရှိက်ပြီး
မျှော်လင့်ခြင်း
ကြိုးပုခက်နဲ့
ချော့သိပ်ချင်တဲ့ ငါပါ...

အရှေ့ အနောက်
တောင် မြောက်
ဘယ်ကပေါ်မယ်မှန်း
မသိတဲ့ နှလုံးသား
ပွက်ရာအတွက်
ငါ့အသဲကို
ပြင်ဆင်နေခဲ့တာလေ
ကြာခဲ့ပြီပေါ့ ။.....။